ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ အခမဲ့ဖြန့်ဝေ

ပင်လောင်း     ဩဂုတ်   ၁၃

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်အတွင်းရှိ   အခြေခံပညာ ကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် တက်ရောက် ကြမည့်  ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်များနှင့် ဗလာ စာအုပ်များ၊ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ပိုင်း က ဆောင်ရွက်ခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်း အထက်တန်းအဆင့်(၂၂)ကျောင်းနှင့် အလယ်တန်းအဆင့်(၅၂) ကျောင်း အတွက်  ဗလာစာအုပ်(၁၆၃၀၈) ဒါဇင်၊ မူလတန်းအဆင့်(၂၁၁)ကျောင်းအတွက် ဗလာ စာအုပ်(၁၆၃၆၈) ဒါဇင်အား  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုက်နှိပ်ဖြန့်ဝေခဲ့ပြီး၊ Grade-10 စနစ်သစ်နှင့် စနစ်ဟောင်း ကျောင်းသား/သူများအတွက် ဘာသာစုံပုံနိုပ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ထပ်မံဖြန့်ဝေပေးခဲ့ပြီးကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)