ကာလိမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

ကာလိ  သြဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၊ ကွန်ဟိန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ် -၁၉ ရောဂါကြို တင်ကာကွယ် ရေး ပစ္စည်းများလှူဒါန်းခြင်း၊ Social Distancing နှင့်အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိ အခြေအနေများကို  ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူများမှ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကာလိမြို့အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးပြုရန် ကာဗွန်လိတ်ဆပ်ပြာခဲ (၇) တောင့် ၊ လက်သန့်ဆေးရည်(၆)ဗူး၊ နှာခေါင်းစည်း (Mask) အခု(၅၀)ပါ (၄)ဗူးကို မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း ၊ ကွန်ဟိန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်နှင့် ဝန်ထမ်း များက လှူဒါန်းခဲ့ရာ ကာလိ(အ.ထ.က) တာဝန်ခံကျောင်းအုပ် ဒေါ်နန်းစောဟန်ဦး က လက်ခံ ရယူခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးပိုစတာများ ဆက်လက်ဖြန့်ဝေပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းစစ်ဆေးရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့အုပ်ချုပ်ရေးမှူး  ဦးရဲမင်းထွန်း ၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး ဒေါ်နန်းဖြူဆိုင် ၊ ကွန်ဟိန်းမြို့နယ်ကျန်းမာရေးဌာနမှ   မြို့နယ် သူနာပြု အဆင့် (၁) ဒေါ်နန်းကြာရွှေ ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၊ ကွန်ဟိန်းမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်နှင့်ဝန်ထမ်းများ   ၊ တာဝန်ရှိသူများတို့က ပူးပေါင်း၍ အပတ်စဉ် Social Distancing နှင့် အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ အခြေအနေများကို ကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)