နမ္မတူ ဩဂုတ် ၁၃
အများပြည်သူ အသိပညာတိုးပွားစေရေး အသိပညာပေးမြေစိုက်နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက် များအား လည်းကောင်း၊ မြို့နယ်တွင်းဌာနဆိုင်ရာများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်း ဆိုင်ရာ မေးခွန်းနှင့်အဖြေများ စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာများအား လည်းကောင်း၊ လူကုန်ကူးမှု ဆိုသည်မှာ၊ လူကုန်ကူးခြင်းတွင်ပါဝင်သောအချက်များ၊ ကလေးသူငယ်များအား လူကုန်ကူးခြင်း တွင်ပါဝင်သောအချက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမှု ကျူးလွန်ပါက ချမှတ်ခံရမည့် ပြစ်မှုပြစ်ဒဏ်များ စသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများအား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)