ပင်းတယမြို့ရှိ Facility Quarantine Centre ရှိ နေရပ်ပြန်ပြည်သူများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ပင်းတယ    ဩဂုတ်    ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Facility Quarantine Centre ရှိ နေရပ်ပြန်ပြည်သူများအနက် ကိုယ် ဝန်ဆောင် မိခင်များ၊ ကလေးငယ်နှင့်သက်ကြီးဘိုးဘွားတို့အား လူမှု၀န်ထမ်းဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် က ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၈ ဦး၊ ငါးနှစ်အောက် ကလေးငယ် (တစ်)ဦး၊ အသက် ၆၀ နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စစ်ဆေးပြီး တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/- နှုန်းဖြင့် စုစုပေါင်း ၁၀ ဦးအတွက် ငွေကျပ် ၃၀၀၀၀ဝိ/- အား ပင်းတယမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုထားဝေနှင့် ဝန်ထမ်းများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသည့် လူဦးရေ ၅၀၀ ဦးကျော်ရှိခဲ့ပြီးဖြစ်ကြောင်း လက်ရှိကာလတွင် (၅၆)ဦး ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)