တနိုင်းမြို့၌ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများသုံးစွဲမှု အထောက်အကူပြုသင်တန်း (RHCLS) သင်တန်း ဆင်းပွဲကျင်းပ

တနိုင်း  ဩဂုတ်  ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများ သုံးစွဲမှု အထောက်အကူပြု သင်တန်း (RHCLS)သင်တန်းဆင်းပွဲကို  ယမန်နေ့ညနေ ၅ နာရီက မြို့နယ်ကုသရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ယင်းသင်တန်းတွင် သင်ကြားရေးအဖွဲ့ Zenith Technical Resource Initiative မှ ဒေါက်တာ စိုင်းခွမ်မိုင်းနှင့် ဦးအံ့မင်းညိုတို့က မျိုးဆက်ပွားကျန်းမာ‌ရေးဆိုင်ရာအကြောင်း၊ သားဆက်ခြားဆေး စနစ်တကျ သုံးစွဲခြင်းနှင့် စာရင်းအင်း ဘာသာရပ်၊ ဆေးနှင့်ဆေးပစ္စည်းများ ထားသိုနည်းများကို ပို့ချပေးခဲ့ကြပြီး ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း(၂၁)ဦးအား ဩဂုတ်လ(၁၀)ရက်နေ့မှ ဩဂုတ်လ(၁၂)ရက်နေ့ အထိ(၃)ရက်ကြာ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ သင်ကြားပို့ချ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသားများက မြန်မာနိုင်ငံမျိုးဆက်ပွား ကျန်းမာရေးဆေးဝါးပစ္စည်း အကြောင်းနှင့် ဆေးနှင့်ဆေးပစ္စည်းများ ထားသိုနည်းများ အ‌ကြောင်းများ ဖြေဆိုကြရာ ဦးထက်နိုင်ဝင်း(လက်ထောက် ကျန်းမာရေးမှူး၊ တရုံ RCH) နှင့် ဒေါ်ဝင်းသူဇာခင် (ကျန်းမာရေးကြီးကြပ်-၂၊ ရှင်ဗွေယန် RCH ပထမဆု)၊ ဒေါ်ပြုံးချို (အမျိုးသမီးကျန်းမာရေးဆရာမ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ တနိုင်းမြို့)၊ ဒုတိယဆုနှင့် ဒေါ်အေးအေးအောင် (ကျန်းမာရေးကြီးကြပ်-၂၊ မကော S/C)၊ ဦးဌေးအောင် (ကျန်းမာရေးကြီးကြပ်-၂၊ တရုံ၊ RCH)နှင့် ဦးရတနာချစ်ထွေး (ကျန်းမာရေးကြီးကြပ်-၂၊နန်ဖျတ်ယန်၊S/C ) တို့က တတိယဆုရရှိသူ အသီးသီးအား JSI တံဆိပ်ပါ ထီးများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)