ရွာသစ် ဩဂုတ် ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်း ပပျောက်ရေးအတွက် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဆွေဆွ ေအေးမှ Onlineမှတဆင့် အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရွာသစ်နယ်မြေ စခန်းမှူး ဦးဇော်နိုင်လင်းက ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ကြရာတွင် တရားဝင်သွားလာမှုနှင့် တရားမဝင် သွားလာမှု ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ တရားမဝင် လုပ်ကိုင်သွားလာသူများသည် များသောအားဖြင့် လူကုန်ကူးခံရမှု ဖြစ်နိုင်ကြောင်း၊ နယ်စပ်မြို့ အနေဖြင့်လည်းလူကုန်ကူးမှု မဖြစ်ပေါ်စေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပညာများ သိရှိစေရန် လိုအပ်ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး မိမိရပ်ရွာမှ ဒေသခံပြည်သူများလည်း အထူးဂရုပြု စေလိုကြောင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်မှ လူကုန်ကူးနိုင်မည့် သတိပြုဖွယ် အန္တရာယ်များကို လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများမှ ရုံးတွင်း ပြသထားသော လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ် စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲ များအား လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)