ပုသိမ်ခရိုင်​ ရွေး​ကောက်ပွဲ​ ကော်မရှင်အဖွဲ့ခွဲ ကိုယ်စားလှယ်​လောင်းများ အမည်စာရင်း တင်သွင်းမှု တတိယ​နေ့အဖြစ် ဆက်လက်​ဆောင်ရွက်

ပုသိမ်  သြဂုတ်  ၁၃

ပုသိမ်ခရိုင်​ ရွေး​ကောက်ပွဲ​ ကော်မရှင်အဖွဲ့ခွဲသည် ခရိုင်အတွင်းရှိ နိုင်ငံ​ရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု စိစစ်ခြင်းကို တတိယ​နေ့အဖြစ် ယ​နေ့နံနက် ၉ နာရီခွဲက ခရိုင်​ကော်မရှင်ရုံးတွင် ဆက်လက် ဆောင်ရွက်သည်။

ယ​နေ့တွင် ပြည်သူ့​ရှေ့​ဆောင်ပါတီမှ ကိုယ်စားလှယ်​လောင်း (၉) ဦး၊ ပြည်သူ့ပါတီမှ (၇)ဦး၊ တစည(၈) ဦး၊ ကရင်အမျိုးသားပါတီ(၁)ဦး၊ အမျိုးသားဒီမိုက​ရေစီ အင်အားစုပါတီမှ(၂)ဦး၊ စုစု​ပေါင်း ကိုယ်စားလှယ်​လောင်း (၂၇)ဦးကို စိစစ်​ဆောင်ရွက်​ပေးခဲ့သည်။ကိုယ်စားလှယ်​လောင်းများ အမည်စာရင်း စိစစ်တင်သွင်းမှု ​ဆောင်ရွက်ရာတွင် ခရိုင်​ကော်မရှင်ဥက္ကဋ္ဌ ဦးတင့်လွင်၊ အတွင်း​ရေးမှူး ဦး​ဇော်နိုင်ဦးနှင့် အဖွဲ့ခွဲဝင်(၁၆) ဦးတို့က စစ်​ဆေး​ပေးခဲ့ကြသည်။

ထို့အပြင် ခရိုင်​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်သည့် ခရိုင်ဥပ​ဒေ၊ ခရိုင်စာရင်းစစ်၊ ခရိုင် ပြန်/ဆက်၊ စည်ပင်သာယာ အမှု​ဆောင်အရာရှိများက ကိုယ်စားလှယ်​လောင်းများ သိသင့်သိထိုက်သည့် ဥပ​ဒေ၊ နည်းဥပ​ဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ​​ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ ပုံနှိပ်ထုတ်​​ဝေခြင်း ဥပဒေနှင့် စည်ပင်သာယာ ဥပ​ဒေများကိုလည်း ရှင်းလင်းအသိ​ပေးခဲ့​ကြောင်း သိရသည်။

ပုသိမ်ခရိုင်တွင် လွှတ်​တော် ကိုယ်စားလှယ်​လောင်းများ အမည်စာရင်းတင်သွင်းမှု စိစစ်ခြင်းကို သြဂုတ်လ ၁၁ ရက်​နေ့က စတင်ခဲ့ပြီး ယ​နေ့အထိ နိုင်ငံ​ရေးပါတီ ၇ ခု နှင့် တစ်သီးပုဂ္ဂလ ၄ ဦး၊ စုစု​ပေါင်း ကိုယ်စားလှယ် (၇၉)ကို စိစစ်ပြီး​ကြောင်း သိရသည်။

ခင်စန္ဒာဆွေ(ပုသိမ်ပြန်/ဆက်)