ဘောလခဲ ဩဂုတ် ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်တွင် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်း အောင်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူညီ စာချုပ်ကို (၁၉၉၁)ခုနှစ်၊ ဇူလိုင်(၁၆)ရက်နေ့တွင် လက်ခံသဘောတူပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်အနေဖြင့် ပြည့်ပြည့်ဝဝ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကုလသမဂ္ဂညီလာခံ သဘောတူစာချပ်ပါ ကလေးသူငယ်များ၏ အခွင့်အရေး များကို အကာအကွယ်ပေး ရေး၊ နိုင်ငံ၏ ဓနအင်အားအပေါ် မူတည်၍ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေး ရေး၊ နိုင်ငံတော်နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပွားမှုများနေသော သက်ငယ်မုဒိန်းမှု လျှော့နည်းပပျောက်ရေး ထိခိုက်ခံစား နေသည့် ကလေးသူငယ်များအား လိုအပ်မည့် အကူအညီများအား အလျင်အမြန်ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက် ပေးနိုင်ရေးအတွက် Action Plan ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း တို့ကိုပြောကြားခဲ့သည်။
ဆက်လက်ပြီး ကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။
ဖိုးရယ်