မိုင်းငေါ့မြို့တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

မိုင်းငေါ့     ဩဂုတ်    ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်()နှစ်အောက် ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေး၊ ဗီတာမင် အေနှင့် သန်ချဆေးများကို မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင် ယနေ့ နံနက် ()နာရီအချိန်က သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို၊ အသက်()နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေး တိုက်ခြင်း၊ အသက် () လမှ () နှစ် အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း၊ ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်အလေးချိန် မှတ်တမ်းရယူခြင်း လုပ်ငန်းကို မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာအုပ်စုရွာမ၊ နမ့်ဆွန်၊ မန်ဟတ ကျေးရွာများရှိ ကလေးငယ်များအား ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် ကျန်းမာရေး ဝန်ထမ်းများ က ဆောင်ရွက်ပေးခဲ့ကြသည်။

ယခုလို  ဆောင်ရွက်ရခြင်းကြောင့် ကလေးငယ်များအား အဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးလာမှာ ဖြစ်ကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေရေး မိဘအုပ်ထိန်းသူများက အလေးထား  ဆောင်ရွက်ကြရန် အသိ ပညာ ပေး ပြောကြားခဲ့ ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့/ပြန်ဆက်)