ကြံခင်း ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း က ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကြံခင်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးတင်အောင်က ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး အကြပ်အတည်းဖြစ်နေချိန်တွင် လူကုန်ကူးမှုဖြစ်ပေါ်လာနိုင်ကြောင်းနှင့် လူကုန်ကူးမှုခံရသည့် အခြေခံအချက် များအား လည်းကောင်း၊ လူကုန်ကူးမှု ကာကွယ်ရေးနည်းလမ်းများနှင့် တိုင်ကြားနိုင်သော အဖွဲ့အစည်းများအား သိရှိစေရန် ပြည်သူများအား အသိပေးဆွေးနွေးခြင်းနှင့် လူကုန်ကူးမှု ကျုးလွန်ပါက အရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ကြံခင်းမြို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက အစားအသောက်များနှင့် ပတ်သက်ပြီး ဖြစ်ပေါ်စေနိုင်သော ရောဂါများအကြောင်း၊ ကင်ဆာဖြစ်ပွားမှု များပြားလာသည့် အတွက် ပြည်ပမှ ဖြန့်ဖြူးသော အစားအသောက်များအား ဂရုပြုစားသုံးသင့်ကြောင်း၊ စားသုံးသူရေးရာ ဥပဒေကို ၂၀၁၉ မတ်လ(၁၅)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေအခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရန် စတဲ့အချက်များအား အကျယ်တဝင့် ဆွေးနွေးပြီး တတ်ရောက်လာသူများက သိလိုသည်အချက်များအား မေးမြန်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြကာ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တက်ရောက်လာ သူများအား နှာခေါင်းစည်း Mask များ ပေးဝေခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)