မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မိုင်းနောင်  သြဂုတ်  ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိခြင်း  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းစံခမ်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းဖွင့်လှစ်ခွင့်ပြုထားသည့် သတ်မှတ်စည်း ကမ်းချက်များပါအတိုင်း လိုက်နာဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုင်းနောင် (ပြန်/ဆက်)