မိုင်းဆတ် မတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသူများအား လက်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူများအား ဘဏ်အတွင်းမဝင်မီ လက်ဆေးခြင်း ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာရေးစက်ဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးပေးပြီး ရောဂါကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းကောင်းများကို အသိ ပညာပေးပြောကြားခဲ့ကြော်း သိရသည်။
အဆိုပါ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်ထုတ်ယူသူ ပင်စင်လခစား (၄၄၈)ဦးရှိပြီး အခြားငွေသွင်း၊ ငွေထုတ်ရန် လာရောက်ကြသော Customers များကိုလည်း ဘဏ်အတွင်းမဝင်မီ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာရေးစက်နှင့် အပူအနွေးတိုင်းတာရေးစက်တို့ဖြင့် နေ့စဉ်တိုင်းတာစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဘဏ်မန်နေဂျာ ဒေါ်စမ်းစမ်းပြုံး ထံမှသိရသည်။
မြင့်မောင် (ပြန်/ဆက်)