မိုးမောက် သြဂုတ် ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ဗန်းမော်−မြစ်ကြီးနား−လွယ်ဂျယ်သွား လမ်းဆုံကျောက်တိုင်၌ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို ဆောင်ရွက်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဝဏ္ဏစိုးအောင် ဦးစီးအဖွဲ့နှင့် အမှတ်(၁၀၀) ဗန်းမော်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒု−ရဲအုပ် ဆွေချစ်ကို ဦးစီးအဖွဲ့တို့ဦးဆောင်၍ ကြေးနန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ခွမ်၊ ကြေးနန်းရပ်ကွက် ရပ်မိရပ်ဖတို့နှင့်အတူ၊ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင် အစောင်(၃၀၀) အခမဲ့ဖြန့်ဝေပေးသည်။
အဆိုပါ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်အတူ မော်တော်ယာဉ်စီးနင်း သွားလာသူများအား နှာခေါင်းစီး(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်ဦးထုပ် ဆောင်းခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)