ဟိုပင် မတ် ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မေတ္တာရိပ်အသင်းက လှူဒါန်း သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်နိုင်ရန် အတွက် ကာကွယ်ရေးဆိုင်ရာ ခွဲစိတ် ခန်း သုံးဝတ်စုံ (PPE) ၄ စုံ၊ Hand Gel နှင့် လက်ဆေး ဆပ်ပြာရည်များကို စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပေးအပ်လှူဒါန်းရာ ဟိုပင်မြို့ပြည်သူဆေးရုံ တာဝန် ခံ ဆရာဝန် ဒေါက်တာမျိုးဝေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆေးရုံအတွက် လိုအပ်သော ဆေးဝါး ပစ္စည်းများကို ဆက်လက်လှူဒါန်းသွား မည်ဖြစ်ကြောင်း မေတ္တာရိပ် အခမဲ့ဆေးကုခန်း၊ မေတ္တာရိပ်အသင်းအတွင်းရေးမှူး ဒေါက်တာသန်းထွန်းက ပြောကြားခဲ့ပြီး ဟိုပင်မြို့ ရှိ ဌာနဆိုင်ရာရုံးများအတွက် Hand Gel နှင့် လက်ဆေးဆပ်ပြာရည်များ လှူဒါန်းရာ ဟိုပင်မြို့ အုပ်ချုပ် ရေးမှူး ဦးဝေလင်းအောင်က လက်ခံ ရယူခဲ့ပြီး ဌာနဆိုင်ရာ ရုံးများရှေ့တွင် အများပြည်သူ လက်ဆေး နိုင်ရန် Hand Gel နှင့် လက်ဆေးဆပ်ပြာရည်များ ထားရှိပေးခဲ့ကြောင်း သိရသည်။
တိုးတိုးမေ− ဟိုပင်