ခိုလမ် မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ မြို့မဈေး၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ဆာင်ရွက်ရာတွင် ခိုလမ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် မြို့နယ်ခွဲစည်ပင် သာယာရေးဌာန ဦးစီးမှူး ဦးလူထွန်းတို့မှ ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ မီးသတ် ဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်မင်းဦးက မီးဘေး အန္တရာယ် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း မီးသတ် ဆေးဘူး အသုံးပြုပုံများ၊ မီးငြိမ်း သတ်နည်း အမျိုးမျိုးတို့အား လက်တွေ့ သရုပ်ပြ ဇာတ်တိုက် လေ့ကျင့် ခဲ့ကြောင်း သိရပါသည်။
ခင်လေးဝင်း( ပြန် / ဆက် )