ရပ်စောက် မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ပိုင်စိုးမိုးနှင့် ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့ နံနက် ၉နာရီ က မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ကြသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာငွေ လာရောက် ထုတ်ယူကြသည့် သက်ကြီးရွယ်အို အဘိုး အဘွား များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ အရာဝတ္ထုတစ်ခုခုအား ကိုင်တွယ်အသုံးပြု ပြီးပါက လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောနည်း၊ ရောဂါကူးစက်ခြင်းမခံရစေရန် ကာကွယ်နည်း၊ ဆောင်ရန်ရှောင်ရန် အချက်များအား အသိပညာပေး ရှင်းလင်းခြင်းနှင့် သံသယလူနာရှာဖွေ ဖော်ထုတ်ခြင်းများကို ဆောင်ရွက် ကြပြီး အဘိုးအဘွား များကို လည်း အခမဲ့ကျန်းမာ ရေးစောင့်ရှောက်ကုသပေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မူမြစော(ပြန်/ဆက်)