ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အများပြည်သူအသိပညာတိုးပွားစေရေးအတွက် အသိပညာပေးနံရံကပ်စာစောင်များပြသ

ပန်ဆိုင်း           ဩဂုတ် ၁၄

မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်()တွင် ပြည်သူလူထုများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့၊ နံနက်()နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြ သဆောင်ရွက် ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်များတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရမည့်အချက်များ၊ လူကုန် ကူးမှု အမျိုးအစားများ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်ခံရမည့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး နှင့်သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်  ကိုဗစ်-၁၉ရောဂါ အသိပညာပေး နံရံကပ်စာစောင်များအားခင်းကျင်းပြသထားပြီး ပြည်သူလူထုများက စိတ်ဝင်စားစွာဖြင့် လာရောက် ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ပရိသတ်များအား  အသိပညာ ဗဟုသုတ တိုးပွားစေရေး အတွက် သုတ/ရသ စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)