ရွာသစ် မတ် ၂၃
ကယားပြည်နယ်၊ ရွာသစ်မြို့အတွင်းရှိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တောမီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှု မရှိစေရန် ရည်ရွယ်၍ မီးတားလမ်း ဆောင်ရွက်ခြင်း၊ မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့အဝင်ဆိုင်းဘုတ်မှ မြို့အပြင် လမ်းတစ်လျှောက်ရှိ လမ်းများအား မီးတားလမ်း စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးတားလမ်း စုပေါင်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့် ဦးဆောင်ပြီး ဌာန ဆိုင်ရာ အကြီး အကဲများ၊ ဝန်ထမ်းများနှင့်အတူ မီးဘေး အန္တရာယ် ကင်းရှင်းရေးအတွက် အမှိုက်များ ရှင်းလင်းခြင်း၊ ချုံများ ခုတ်ထွင်ခြင်း၊ အမှိုက်ခြောက်များအား တံမြက်စည်းလှဲ၍ ရှင်းလင်းခြင်း လုပ်ငန်းများကို မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)