ရပ်စောက်မြို့၊ မြို့မဈေးတွင် မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

ရပ်စောက်    မတ်    ၂၃

မီးလောင်မှုဖြစ်ပွားခဲ့ပါက အချိန်မီငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်းခြင်းကို ယနေ့ နံနက် ၈ နာရီက ရပ်စောက်မြို့၊ မြို့မဈေးကြီးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ဈေးသူဈေးသားများ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ကြသည်။

ပူပြင်းခြောက်သွေ့သည့် ရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေး နှင့် မီးလောင်မှုဖြစ်ပွားခဲ့ပါက အချိန်မီငြှိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်း နည်းစနစ်များ၊ အရေးပေါ်လူနာ ကယ်ဆယ်ရေး သရုပ်ပြကွက်များကို ရှင်းလင်းပြီး ဈေးသူဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်စေကာ ဇာတ်တိုက်လေ့ ကျင့်စေခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်နှင့် ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများက လက်တွေ့ သရုပ်ပြသမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းလှိုင်(ရပ်စောက်)