ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ပုသိမ်    သြဂုတ်    ၁၄

ပုသိမ်မြို့ရှိ ကမ်းနားလမ်းသည် ပင်လယ်သ​​​ဘောများဆိုက်ကပ်ရာ နေရာဖြစ်ပြီး၊ One Way တစ်လမ်းမောင်းစနစ်ဖြင့် ထားရှိသောလမ်းဖြစ်ပြီး ယာဉ်သွား ယာဉ်လာ များပြားခြင်းနှင့် သင်္ဘောဆိပ် အများအပြားရှိခြင်းတို့ကြောင့် မြို့လယ်လမ်းများဖြစ်သော ကုန်စုံလမ်း၊ ကုန်သည်လမ်း၊ မင်းကြီးလမ်းများတွင် ယာဉ်ကြော ကြပ်တည်းမှုများ နေ့စဉ်ဖြစ်ပွားမှုကြောင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကမ်းနားလမ်းကို မြစ်ဘက်အခြမ်းသို့ တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းကို လမ်းအကျယ် ပေ ၂၀၊ အလျား ၃၉၀ ပေ၊ ထပ်မံတိုးချဲ့ ဆောင်ရွက်နေပြီဖြစ်ရာ ရေလမ်းခရီး သွားရောက်လိုသူများနှင့် အပန်းဖြေသူများ နားနေရန်အတွက်နေရာများနှင့် ယာဉ်များရပ်နားရန် နေရာတို့ကို စနစ်တကျရှိအောင် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ယခုအခါ တည်​ဆောက်​ရေးလုပ်ငန်း ၈၀ % ပြီးစီး​နေပြီဖြစ်​သည်။

ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ခြင်းလုပ်ငန်းကို.၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၉၂၀ ကျော် အကုန်အကျခံကာ Family Nest Co.,Ltd. မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း ကမ်းနားလမ်းတိုးချဲ့ တည်ဆောက်မှုပြီးစီးပါက နှစ်လမ်းသွားလမ်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကာ ယာဉ်ကြော ကျပ်တည်းမှုများမဖြစ်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းကို ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး ပြောကြားချက်အရ သိရသည်။

မြင့်ဟန်(ပြန်ဆက်)