ကာမိုင်း မတ်လ ၂၃
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ စည်ပင်သာယာစျေး၌ ယနေ့နံနက် (၇)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကာမိုင်းတိုက်နယ်ပြည်သူ့ဆေးရုံးမှ တာဝန်ခံဆရာဝန် ဒေါက်တာခင်မောင်ထွန်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် လူစည် ကားရာ နေရာများဖြစ်သည့် စည်ပင်သာယာစျေး၌ “လက်ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ၊ လက်ဖဝါးကိုကုတ်ခြစ်ပါ၊ လက်ကောက်ဝတ်” စသည်တို့ကို ဆပ်ပြာဖြင့် နည်းစနစ်မှန်ကန်စွာ ဆေးကြော နိုင်စေရေး အတွက် ပြည်သူများအား သရုပ်ပြသပေး ခြင်း၊ အဆုတ်ရောင်ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို သိရှိလိုက် နာစေရန်အတွက် အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပြီး၊ စည်ပင်သာယာရေးကော်မတီမှ စျေးဝယ် လာကြသည့် ပြည်သူများအနေဖြင့် အဆိုပါ ရောဂါကာကွယ်ရေးအတွက် မကြာခဏလက်ဆေးကြရန် စျေးတာ ဝန်ခံရုံးရှေ့၌ ရေပုံးနှင့် ဆပ်ပြာ ထားရှိပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာ ခင်မောင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် များနှင့် သုဂတိမဂ္ဂ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)