မြန်အောင်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်း ကျွဲ၊ နွား၊ ဝက်များအတွက် တိရစ္ဆာန်အစားအစာများ ထောက်ပံ့ပေးအပ်

မြန်အောင်  ဩဂုတ်  ၁၄

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်း ကျွဲ၊ နွား၊ ဝက်များအတွက် တိရစ္ဆာန်အစားအစာများကို ယနေ့နံနက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသော နွားစာအိတ် (Windmill 5573)နှင့် ဝက်စာအိတ်(SJ 751) တိရစ္ဆာန်အစာနုအိတ်များကို မြန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်‌ဆွေက ဧရာဝတီမြစ်ရေ ဝင်ရောက်ပြီး သဘာဝဘေးကြုံတွေ့ရသည့် မြစ်ကျိုး၊ ကဇွန်းခုံ၊ ညောင်ဝိုင်း၊ ပဲတခွဲ၊ မဲခင်းချောင် ကျေးရွာအုပ်စုတို့မှ တာဝန်ရှိသူများကို ပေးအပ်ခဲ့သည်။

မြန်အောင်မြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်း ကျွဲ၊ နွား၊ ဝက်များအတွက် နွားအစာနုအိတ် (Windmill 5573) ၁၄၀ အိတ်နှင့် ဝက်အစာနု အိတ်(SJ 751) ၄၀ အိတ် ထောက်ပံ့ဖြန့်ဖြူးပေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)