ဖရူဆို မတ်လ ၂၂
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်လင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရဲလင်းစိုး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့တိုသည် COVID-19 အသိပညာပေး လက်ကမ်း စာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်စာစောင်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီ အထိ ဖရူဆိုမြို့ မြို့မဈေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုးသူ (ပြန်/ဆက်)