ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား မီရထားခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး

လားရှိုး      ဩဂုတ်   ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၁၆)ဦး၊ စုစုပေါင်း (၄၂)ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင် ခဲ့ပါသည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၄၂)ဦး တို့တွင် ကချင်ပြည်နယ်မှ(၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၅)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၅)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၆)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦး၊ ရခိုင်ပြည်နယ်မှ(၆)ဦး တို့ဖြစ်ကြသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာတွင် ဩဂုတ်လ (၁၄)ရက်နေ့ အထိ  နေရပ်ပြန်ပြည်သူ အမျိုးသား (၉၁၅၅)ဦး၊ အမျိုးသမီး (၅၆၆၀)ဦး စုစုပေါင်း (၁၄၈၁၅)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိူင်ခဲ့ပါသည်။

နန်းသန္တာဦး(ပြည်နယ်၊ပြန်/ဆက်)