မဘိမ်းမြို့တွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်

မဘိမ်း     ဩဂုတ်     ၁၄        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု အစိုးရ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် သန်းကြွယ်ဝဖြိုးကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်လျက်ရှိသည့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံး တည်ဆောက်ရေးလုပ်ငန်းများ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုအစိုးရ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၂၉ ဒဿမ ၇၀) သန်းဖြင့် သန်း ကြွယ်ဝဖြိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးမှာ အလျား ၃၀ ပေ၊ အနံ ၃၀ ပေရှိ RC တစ်ထပ် အဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်းများမှာ လက်ရှိအချိန်တွင် လုပ်ငန်းများ၏ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မ တီ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦသစ်အား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)