ဇမ္ဗူသီရိ ဩဂုတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင် က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးသူငယ်ဥပဒေ အကြောင်းအရာများ၊ ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပြီးနောက် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူးက ကလေးသူငယ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)