တာချီလိတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အမှာစကားပြောကြားရာတွင် COVID-19 ရောဂါကို မြန်မာနိုင်ငံအနေဖြင့်လည်း ယခုအချိန်တွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီဖွဲ့စည်းပြီး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များနှင့် နယ်စပ်ဝင်/ထွက်ပေါက် များ တွင် COVID-19 ကူးစက်ရောဂါအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်ကာကွယ်ရေး အစီအမံများပြုလုပ်ရန်အတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများကို ဖိတ်ကြား ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဆက်စပ် ဦးစီးဌာနများအနေဖြင့် မိမိတို့ဌာန၏ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို တင်ပြခြင်း၊ တက်ရောက်လာသူများမှအထွေထွေ ဆွေးနွေးအကြံပြုခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းများပြုလုပ် ခဲ့ကြသည်။
ယာဆေး(ပြန်/ဆက်)