ငလျင်ဘေးအန္တရာယ်ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှု ဘောလခဲမြို့၌ကျင်းပ

ဘောလခဲ  မတ် ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၈)နာရီက နယ်စပ်တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါသရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က လာရောက်ကြည့်ရှုခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဖြူချေ ဦးဆောင် သော တပ်ဖွဲ့ဝင်အင်အား(၁၂)ဦး၊ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ မြို့နယ်ပရဟိတအဖွဲ့ (ထာဝရလက်တွဲများ) အဖွဲ့ဝင်(၃)ဦးနှင့် လူနာတင်ယာဉ် တစ်စီး၊ (ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း) ကျောင်းအုပ်ဆရာကြီးနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ပူပေါင်းပါဝင်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ် ဆောင်ရွက်သွားနိုင်ရန် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ကြောင်း သိရှိရသည်။

လှရွှေ