မန်ကန် သြဂုတ် ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ မိုးအဆက်မပျက်သည်းထန်စွာသွန်းမှုကြောင့် ဩဂုတ်လ ၁၁ရက်နေ့ မွန်းလွဲပိုင်းတွင် မန်ကန်၊ ပန်ဆန်း(ပန်ခမ်း)လမ်း မိုင်တိုင် (၁၀/၁)နှင့် (၁၀/၂)ကြား လမ်းမကြီးပေါ်သို့ ကျောက်တုံးပြိုကျမှု ဖြစ်ပွားခဲ့သည်။
ဤဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း ၄၈နာရီကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ ခရီးသွားလာသူများ အဆင်ပြေစေရန်အတွက် တပ်မတော်သားများ၊ မန်ကန်နယ်မြေရဲတပ်ဖွဲ့များနှင့် လမ်းဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ လူအင်အား၊ စက်အင်အားနှင့် ကျောက်ခွဲမိုင်းများ အသုံးပြုကာ ဝိုင်းဝန်းရှင်းလင်း ဖယ်ရှားခဲ့ရာ သြဂုတ်လ (၁၃) ရက်နေ့ နံနက် ၈နာရီအချိန်က အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
လမ်းဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးကလည်း 'မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမယ်ဆိုရင် ကျောက်တုံးတွေ ထပ်ပြိုကျနိုင်ခြေရှိလို့ ခရီးသွားများကို သတိပေးဆိုင်းပုဒ် တပ်ဆင်ထားပေးပါမယ်' ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဇင်ထက် (ပြန်/ဆက်)