မန္တလေး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း သီးနှံစိုက်ပျိုးသော အသင်းသား တောင်သူများ၊ ဝင်ငွေရရှိရေးနှင့် အသင်းဝင်များ သက်သာချောင်ချိရေးကို ရည်ရွယ်၍ ယမန်နေ့ နံနက် ၆ နာရီခွဲကစ၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ လိုက်လံဖြန်းဖြူး ရောင်းချပေးခဲ့သည်။
အဆိုပါ အာလူးများကို ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့်ချိတ်ဆက်၍ အောင်ပန်း မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်များမှ အာလူး(၃၈၁၀) ပိဿာကို တစ်ပိဿာလျှင် (၇၀၀)ကျပ် နှုန်းဖြင့်ဝယ်ယူ၍၊ မန္တလေးခရိုင် အတွင်းရှိ မြို့နယ် (၆)ခုတွင် တစ်မြို့နယ်လျှင် (၃၃၀)ပိဿာနှုန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ဝမ်းတွင်းမြို့နယ်၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး (၅)မြို့နယ်တွင် တစ်မြို့နယ်လျှင် (၃၆၀)ပိဿာနှုန်းဖြင့် စုစုပေါင်း (၁၁)မြို့နယ်တွင် အာလူး(၃၈၁၀)ပိဿာကို အသေးတစ်ပိဿာလျှင် (၇၅၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၈၀၀)ကျပ်တို့ဖြင့် အသင်းသားပြည်သူများ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် သမဝါယမ ကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ဖြန့်ဖြူးရောင်းချခြင်းများကို မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးသိန်းမြင့်မှ ဦးဆောင်ပို့ခဲ့ပြီး၊ မြို့နယ်များရှိ သမဝါယမဦးစီးအရာရှိများ၊ ဝန်ထမ်းများ၊ အသင်းစု ဥက္ကဌများနှင့် အမှုဆောင်များက လက်ခံ၍ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို၊ ပုသိမ်ကြီးမြို့နယ် (ပြန်/ဆက်)