ချီဖွေ စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြန်မာ့စီပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြန်မာ့စီးပွားရေး ဘဏ်၌ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းများနှင့်အညီ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ပင်စင်လာရောက်ထုတ်ယူသူ ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များအား ကပ်ထားကြေညာခြင်း၊ ကိုယ်အပူချိန်များ တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည် များထားရှိပေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် နေထိုင်စေလျက် ထုတ်ပေးခဲ့သည်။
ချီဖွေမြို့နယ်တွင် မြို့ပြပင်စင်စား(၁၄၂)ဦး၊ ကာကွယ်ရေးပင်စင်စား(၁၄၀)ဦး၊ နိုင်ငံရေးပင်စင်စား(၅၇)ဦး၊ စုစုပေါင်း(၃၃၉)ဦး ရှိကြောင်းနှင့် ယမန်ရက်နေ့တွင် မြို့ပြပင်စင်စား(၆၃)ဦး၊ ကာကွယ်ရေးပင်စင်စား(၁၈)ဦးနှင့် နိုင်ငံရေးပင်စင်စား(၂၅)ဦး စုစုပေါင်း(၁၀၆)ဦးအား ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်ဇောင်းညွယ်ထံမှ သိရှိရသည်။
ချီဖွေ(ပြန်/ဆက်)