တွန်းဇံမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

တွန်းဇံ စက်တင်ဘာ    ၂၂

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အသက်၁၈နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ပြန်လည်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာထန်ရှန်းခိုင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ အောက်စီဂျင်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးနောက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ပြီး မိနစ် ၃၀ အနားယူစေပြီး စိတ်ချသည့် အခြေအနေရောက်ရှိမှသာ စနစ်တကျ ပြန်ခွင့်ပြုထားကြောင်းသိရသည်။

တွန်းဇံမြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်သူအယောက် (၁၀ဝဝ)ဦးအတွက် ရရှိသည်ဖြစ်ရာ အဆိုပါ ကာကွယ်ဆေးများကို ၃ ရက်အတွင်း ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)