ကာမိုင်း ဩဂုတ် ၁၆
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာပေချစ်သူများအသင်း က စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၁)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ခင်သက်ဦးက မိတ်ဆက်စကားပြောကြားပြီး စာပေချစ်သူများအသင်း နာယက ဦးစိန်ဝင်းက ကလေးလူငယ်များအားစာဖတ်ရခြင်း၏ အကျိုးကျေးဇူး၊ ‘ဘဝရည်မှန်းချက်' ဟူသော ခေါင်းစဉ်နှင့် စာဖတ်သူများကိုယ်တိုင် ‘လိုတိုးပိုလျော့'လုပ်စေခြင်းစသည်တို့ကိုဆွေးနွေးပြောကြား၍ အဖွဲ့ဝင်များက လည်း အသီးသီးပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာလအတွင်း စာပေချစ်သူများအသင်းဖြင့် စာဖတ်ဝိုင်းများဆွေးနွေးပြုလုပ်ခြင်းကို ခေတ္တရပ်နားခဲ့ရပြီး ယနေ့အချိန်တွင် လမ်းညွှန်ချက်များနှင့်အညီပြန်လည်ပြုလုပ်ခဲ့ပြီး၊ စာကြည့်တိုက်မျက်နှာ စာအရှေ့တွင် ပြသထားသည့် (COVID-19)အတွက် အနုပညာရှင်များ၏ အသိပေးနှိုးဆော်ချက်များနှင့်ရေဘေးအသိပညာပေးနံရံကပ်စာစောင်များကိုပြသထားရာ ၎င်းအဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ကာမိုင်း ပြန်/ဆက်)