မင်းတပ် စက်တင်ဘာ ၂၃
မင်းတပ်မြို့နယ်ကိုဗစ်-၁၉ ထိန်ချုပ်၊ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယနေ့ နံနက် (၁၁)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ လာရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒေါ်အေးအေးငြိမ်း(ညွှန်ကြားရေးမှူး)က ပစ္စည်းများ အသုံးပြုပုံ များကို ရှင်းလင်းပေးပြီး မင်းတပ်မြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်၊ ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေထံ လွှဲပြောင်းပေးအပ် လှူဒါန်းပေးခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ မင်းတပ်မြို့ ကိုဗစ်-၁၉ ကော်မတီသို့ ထောက်ပံ့ပေးအပ်သည့် ပစ္စည်များမှာ အောက်ဆီဂျင်စက်(Oxygen Concentrator)(၁၀) လီတာ(၅)လုံး၊ အောက်ဆီဂျင် အိုး (၄၀) လီတာနှင့် စီးဆင်းမှုထိန်းကိရိယာ(Oxygen Cylinder(40 Litre)and (Flow meter) (၅)လုံး၊ အောက်ဆီဂျင်အိုး (၁၀)လီတာ စီးဆင်းမှုထိန်းကိရိယာ(OxygenCylinder(10 Liter)and (Flow meter)(၅)လုံး၊ လက်သန့် ဆေးရေ(၁၀၀)မီလီလီတာ(Hand Gel(100 ml) (၃၀၀)ဗူး၊ ဆေးဖျန်းပုံးနှင့်ကလိုရင်း ဆေးရည်ဗူး (Spray+Chlorine)(၃)စုံ၊တစ်ကိုယ်ရည် သွေးခုန်နှုန်းနှင့် အောက်ဆီဂျင်တိုင်းစက်(Pules Oximeter) (၃၀)ခု၊ မျက်နှာအကာ(Face Shield)(၁၄၄၀)ခု၊ ရပ်ရွာလူထုသုံးရေစစ်အိုး(Life Straw water filter for Community)(၂)လုံး၊ Full Personal Protective ltems(PPE) Level-3(၇၀)စုံ၊ လူနာစမ်းသပ်သည့် လက်အိတ် (Examination Glove)(၅၀)ပါ (၂၄၄)ဗူး၊ နှာခေါင်းစည်း(Surgical Mask)(၅၀)ပါ (၁၀၀)ဗူး၊ အနီအောက် ရောင်ခြည်အပူချိန်တိုင်းကိရိယာ(Infrared Thermometer) (၈)ခုနှင့် ခွဲစိတ်ခန်းသုံး ဝတ်ရုံ (Surgical gown)(၃၀၀)ခု ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)