ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာ ထုတ်ပေးခြင်း ယနေ့ နံနက်(၉)နာရီအချိန်တွင် ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွာရေး ဘဏ်ခွဲရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အရာထမ်း၊ အမှုထမ်းများအား ထုတ်ပေးလျက်ရှိရာ ဓာတ်ရိုက်ခြင်း၊ လက်ဗွေ နှိပ်ခြင်း၊ ငွေစက္ကူများ စနစ်တကျ ရေတွက်ပေးခြင်းများ ဆောင်ရွက်ပြီး မြို့ပေါ်(၃)ရပ်ကွက်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား လစဉ်(၂၁)ရက်နေ့မှလ ကုန်ရက်အတွင်း ထုတ်ပေးခြင်း၊ ရပ်နီးရပ်ဝေး ကျေးရွာများမှ ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအတွက် အဆင်ပြေစေရန် လစဉ် လဆန်း(၁)ရက်နေ့မှ လကုန်ရက်နေ့အထိ ရုံးချိန်အတွင်း ပိတ်ရက်မရှိ ထုတ်ပေးသွားမည်ဖြစ်ရာ ဆွမ်ပရာဘွမ် မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား ကျား၊မ စုစုပေါင်း(၂၀)ဦးတို့အား ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာနှင့် ဝန်ထမ်းများက လစဉ်ထုတ်ပေး လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)