မိုင်းငေါ့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး ကော်မတီထံသို့ PPE ဝတ်စုံများ လှူဒါန်း

မိုင်းငေါ့ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ရေး ကော်မတီထံသို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ PPE ဝတ်စုံများ ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ PPE ဝတ်စုံများကို မိုင်းငေါ့မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်   PPE ဝတ်စုံ(၅)စုံ တစ်စုံလျှင်(၁၆၀၀၀) စုစုပေါင်းငွေ (၈၀၀၀၀/) ကျပ်ဖိုးရှိ PPE ဝတ်စုံများကို လှူဒါန်းရခြင်းဖြစ်ကြောင်းသိရသည်။

PPE ဝတ်စုံများကို မိုင်းငေါ့မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအအသင်းမှ အတွင်းရေးမှူး ဦးစိုင်းထွန်းတင်က ပေးအပ်လှူဒါန်းပြီး ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ထိန်းချုပ်ရေး‌ ကော်မတီအဖွဲ့ဝင် ဦးစိုင်းမျိုးဝင်းမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

မြင့်သွယ်(ပြန်/ဆက်)