မချမ်းဘော့ စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(Frist Does)ထိုးနှံမှုကို ငွါးဇာခါးကျေးရွာ ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ mask စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆေးထိုးပြီး နာရီ၀က်အခန့် အနားယူစေပြီး ပုံမှန်အနေအထား ရောက်မှသွားခွင့်ပြုခြင်း ဖြင့်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ(၃)ရက်နေ့မှ စက်တင်ဘာ(၁၃)ရက်နေ့အထိ ပထမအကြိမ်၊ စက်တင်ဘာ(၁၅) ရက်နေ့မှစ၍ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ(၁၁၀)ဦး၊ အစိုးရ ကျန်းမာရေး ၀န်ထမ်း (၄)ဦး၊ Covid Centre ကျန်းမာရေး ၀န်ထမ်း(၃၂)ဦး၊ ဘုန်းကြီး/ သီလရှင် ကျောင်းသာသနာ့ ၀န်ထမ်း(၁၅၃)ဦး၊ နိုင်ငံ့၀န်ထမ်း(၈၉)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၀န်ထမ်းများ(၁၁၉)ဦး၊ ဟိုတယ်မိုတယ်တည်းခိုခန်း(၂)ဦးနှင့် Super market ဈေးသည်(၃၄၁)ဦး စုစုပေါင်း(၈၅၀)ဦးတို့အား ထိုးနှံနိုင်ခဲ့ပြီး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား မန်နိုကျေးရွာ တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီ၊ မချမ်းဘော့မြို့နယ် ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပါ၀င်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)