ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (၂၄.၈) သန့်ဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်း နှင့် ရေစုကန်တည်ဆောက်ခြင်းဆောင်ရွက်

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆူယန်ကျေးရွာ၊ ဖုန်အင်ယန်ကျေးရွာ၊ ခါ့ကရန်းယန်ကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရန်၊ ဒေသအခြေ အနေနှင့် ကိုက်ညီသောရေရရှိရန်၊ ဘဘာဝအရင်းအမြစ်များ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး  ဦးသန့်ဇင်ဦးက ပြောကြားခဲ့ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဇနန်ခအုပ်စု၊ ဆူယန်ကျေးရွာ၌ ပြည်နယ်ရန်ပုံငွေ (၈.၀၀) သန့် ဖြင့် စိမ့်စမ်းရေ သွယ်တန်းခြင်းကို ၁/၀ မိုင်နှင့် ဂါလံ ၈၀၀ ဆံ့ ရေစုကန်(၁)ကန်၊ ခါကရန်းယန် အုပ်စု၊ ခါကရန်းယန်ကျေးရွာ၌ ပြည်နယ် ရန်ပုံငွေ (၉.၈)သန်းဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်းကို ၀/၃ မိုင် ဂါလံ ၂၀၀၀ ဆံ့ ရေစုကန် (၁) ကန်၊ ဂါလံ ၈၀၀ ဆံ ရေစုကန်(၂) ကန်၊ ဖုန်အင်ယန် ကျေးရွာအုပ်စု၊ ဖုန်ကျန်းကျေးရွာ၌ ပြည်နယ်ရန်ပုံငွေ(၇.၀၀)သန်းဖြင့် စိမ့်စမ်းရေ သွယ်တန်းခြင်းကို ၀/၃ မိုင်နှင့် ဂါလံ ၂၀၀၀ ဆံ့ ရေစုကန်(၁) ကန်ဆောင်ရွက်ခြင်းဖြင့် ဆွမ်ပရာဘွမ်မြို့နယ် ကျေးရွာ (၃)ရွာရှိ အိမ်ခြေ(၁၃၃)အိမ်၊ လူဦးရေ(၅၃၇)ဦးအတွက် သောက်သုံးရေ လုံလောက်စွာ သုံးစွဲနိုင်ရန် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)