ပင်လုံ ဩဂုတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရပ်ကွက်(၁)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များ ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန် က ပင်လုံမြို့ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်လုံမြို့ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းမူးလိန် က ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်(၁)အတွင်း အိမ်ထောင်စုပေါင်း (၈၂၁)စုအနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား (၄၁၈)စုအတွက် သက်ဆိုင်ရာ အခြေခံလူတန်းစား မိသားစုဝင်များထံသို့ ဒုတိယအကြိမ် လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင်များ (၁၀၀)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ဒုတိယအကြိမ် ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိအိမ်ထောင်စုများအား နောက်နေ့များ၌ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပေးအပ်ရာတွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၃၆၀၀၀၀) ရှစ်ဆယ့်သုံးသိန်းခြောက်သောင်းကျပ်အား အခြေခံ လူတန်းစား များ လက်ဝယ်အရောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ က ဆက်လက် ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်)