တပ်ကုန်း ဩဂုတ် ၁၈
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ယူနိုက်တက်အမရဘဏ် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ ၁၆ ရက်နံနက် ၉ နာရီ က အဆိုပါဘဏ်ရှေ့မျက်နှာစာတွင် ကျင်းပဆောင်ရွက်သည်။
ထိုယူနိုက်တက်အမရဘဏ် (United Amara Bank) ဗိုလ်မင်းရောင်ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိပြီး၊ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၃၀၀)ကို ယူနိုက်တက် အမရဘဏ် (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်၊ ခေါက်ဆွဲ ခြောက် တစ်ထုပ်၊ နှာခေါင်းစည်းတစ်ခုနှုန်းဖြင့် ဘဏ်ခွဲတာဝန်ခံ ဦးဇော်သက်ထွန်းနှင့် ဝန်ထမ်းများ က ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို ဗိုလ်မင်းရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအုန်းနွဲ့နှင့် အဖွဲ့ဝင် များက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်