မိုင်းပန် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖြင့် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု၊ ပန်ပိကျေးရွာ၊ နောင်ချိုကျေးရွာနှင့် နောင်ဟီးကျေးရွာအုပ်စု၊ နောင်ဟီးကျေးရွာ၊ ဝမ်ခိုင်းကျေးရွာ၊ ညောင်ခမ်းကျေးရွာတို့အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းတို့မှ ပြည်သူ့ဝန်ဆောင်မှု ရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ပြီးနောက် ပြည်သူများလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မိုင်းပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူ တို့မှ ဒေသခံတိုင်ရင်းသားပြည်သူများလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၇)ခုအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ် (မြို့နယ်၊ပြန်/ဆက်)