ပန်လုံ ဩဂုတ် ၁၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့နံနက် ၉ နာရီအချိန် က မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် စာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် ငွေကျပ် (၂၀၀၀၀/)ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပါသည်။
ပန်လုံမြို့ပေါ်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၂၂၆)စုအား အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀/)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၅၂၀၀၀၀/)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မေဦး(ပြန်/ဆက်)