ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၃၂)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော်   ဩဂုတ်  ၁၇

ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ က ၎င်းတို့၏ သက်ဆိုင်ရာ  တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဩဂုတ်လ ၁၅ ရက်နေ့၊  ညနေ(၆)နာရီ အချိန်က (၂၃) ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီအချိန် က (၉)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၂)ဦးတို့အား  လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ (၃၂)ဦးမှာ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး (၁၆)ဦး တို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂)ဦးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ (၂၃)ဦးတို့ ဖြစ်သည်။

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား  စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၀၆၂)ဦးနှင့် အမျိုးသမီး(၆၄၄၅)ဦး တို့ဖြစ်ပြီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၅၀၇)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)