ကွတ်ခိုင်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဓာတ်စာများ ထောက်ပံ့ပေးအပ်

ကွတ်ခိုင်   ဩဂုတ်   ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၌ ယမန်နေ့ နံနက်ပိုင်း က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဓာတ်စာများ ပေးအပ်ထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်သည်။

ထိုသို့ ပေးအပ်ထောက်ပံ့ရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှမြင့်မှ ကိုယ်ဝန်ဆောင်မိခင် (၁၅)ဦး အတွက် အာဟာရဓာတ်စာများဖြစ်သည့် ကြက်ဥ၊ ကိတ်မုန့်ခြောက်၊ ငွေသားအချို့နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်များ ပေးအပ်ကာ ကိုယ်ဝန်ဆောင်မိခင်များအား ရင်းနှီးစွာ အားပေးစကားပြောကြားသည်။ ယင်းနောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင့်ဝင့်မြိုင် မှ ကိုယ်ဝန်ဆောင်စဉ် လိုအပ်သော အာဟာရအစားအစာများ မျှတစွာစားသုံးစေရေး အသိပညာပေး ဟောပြော သည်။

အဆိုပါ အခမ်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင် နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းဘဉာဏ်(ပြန်/ဆက်)