လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေးဆိုင်ရာ ‌ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

တုံတာ     ဩဂုတ်    ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့တွင် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဆိုင်ရာ အသိပညာပေး ‌ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉  နာရီအချိန် က တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်လှိုင်လှိုင်ငြိမ်း က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို  ဟောပြောခဲ့ပြီး ပြသထား သော နံရံကပ်စာစောင်များတွင် ကျောင်း/ကျောင်းသူများ သိသင့်သိထိုက်သော လူကုန်ကူးမှု မြောက်စေသည့် အချက်အလက်အကြောင်းအရာများ၊ အသိပေးတိုင်ကြား နိုင်သည့် နည်းလမ်းများ၊ ဖုန်းနံပါတ်များနှင့် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ပြစ်ဒဏ်များ အကြောင်းကို မှတ်တမ်းဓာတ်ပုံများ၊ ကာတွန်းသရုပ်ဖော်ပုံများ၊ ဆောင်ပုဒ်များဖြင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)