ပလောက် အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ကျောက်တောင်ကျေးရွာတွင် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် (200 KVA) ထရမ်စဖော်မာ ဆီယိုစိမ့်မှုမရှိစေရေး စစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပလောက်မြို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းမှ စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ပလောက်မြို့မြို့နယ်လျှပ်စစ်မှူးမှဦးစီး၍ လျှပ်စစ် ကျွမ်းကျင် ဝန်ထမ်းများနှင့်(PTC)ဖိုးသီး ချိုလျှပ်စစ်ဝန်ဆောင်မှုဝန်ထမ်းများ ပူးပေါင်းပြီး ပြည်သူ များ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် (200 KVA) ထရမ်စဖော်မာအနီး လျှပ်စစ်ဓာတ်အား လိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထရမ်စဖော်မာဆီ ယိုစိမ့်မှုမရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)