ငွေဆောင် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆာင်မြို့တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားဝတ်နေရေးနှင့် အလုပ်အကိုင်များ အခက်အခဲ မဖြစ်စေရေးအတွက် ငွေကြေး ထောက်ပံ့ပေးအပ်ခြင်းကို ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ငွေဆောင်မြို့ပေါ်ရှိ ရပ်ကွက်(၄)ခု အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ပေးအပ်သည့် ငွေကျပ်နှစ်သောင်းစီကို ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)