မိုးမိတ် ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီအချိန် က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာရေးဆရာ အောင်သင်း ရေးသားထားသော ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ထိုသို့ ကျင်းပခဲ့ရာ ဦးခင်မောင်ညွှန့်၊ ဦးသန်းအေး၊ ဒေါ်လှလှမြင့်နှင့် အဖွဲ့ဝင်တို့က ဆွေးနွေးခဲ့ကြပြီး ဒု-ဦးစီးမှူး ဒေါ်နန်းပီး က လူငယ်လူရွယ်များ စာဖတ်လိုစိတ်ရင့်သန်လာစေရန်နှင့် မြန်မာစာကို ဖတ်ရှုမှတ်သား လေ့လာနိုင် စေရန်အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီး စာဖတ်ပရိသတ်များ တိုးပွားလာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိုးမိတ်သား (စည်သူဌေး)