ဆီဆိုင် ဩဂုတ် ၁၇
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ဝါးခရာကျေးရွာတွင် ရွာတွင်းသဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်းကို ယနေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း ထံမှ သိရသည်။
ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပင်စုံကျေးရွာအုပ်စုရှိ ဝါးခရာကျေးရွာ၌ အိမ်ခြေ ၁၆၈ အိမ်၊ လူဦးရေ ၈၄၃ ဦးကို အကျိုးပြုတဲ့ အရှည်ပေ ၄၇၀၀၊ အကျယ် ၁၀ ပေ၊ ဒု ၆ လက်မရှိ ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်းကို ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများ အချိန်မှီ ပြီးစီးရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မှီရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပေးလျက်ရှိပါကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)