မိုးမောက်မြို့ အ.ထ.က ကျောင်းတွင် Corona Virus ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မိုးမောက် မတ် ၁၆

Covid - 19 Virus ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့်  ကချင်ပြည်နယ်၊ မိုးမောက်မြို့ အ.ထ.က ကျောင်းတွင် မတ်လ(၁၆)ရက်နေ့ တက္ကသိုလ်ဝင်တန်း ဓာတုဗေဒ ဘာသာရပ်ကိုဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူ (၃၈၉)ဦးအား အပူချိန်တိုင်းကိရိယာနှင့် စစ်ဆေးခြင်း ၊ လက်သန့် ဆေးရည် (Hand Gel)ထားရှိပေးခြင်း၊ လက်ကမ်းစာစောင်ထားရှိပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်မေသင်းနှင့် မြို့နယ်ကျန်းမာရေးမှူး ဦးစန်းနိုင်တို့က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ နံနက်(၈)နာရီမှ (၉)နာရီအတွင်းဆောင်ရွက်ခဲ့ကြောင်းနှင့် စာမေးပွဲဖြေဆိုရက်ပြီးဆုံးချိန်အထိ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိ ရပါသည်။

လွန်းနန်းထွေး